Banana Export Requirments

မှတ်ပုံတင်လျှောက်ထားရန်အတွက်လိုအပ်ချက်များ

၁။      ကုမ္ပဏီမှတ်ပုံတင်နှင့် ဖွဲ့စည်းပုံ (Certificate of Incorporation,Company Extract)   (မိတ္တူ)
၂။       ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ် (မိတ္တူ)
၃။      ကုမ္ပဏီလိပ်စာ၊ ဖုန်း၊ Email (အပြည့်အစုံဖော်ပြရန်)
၄။      ကုမ္ပဏီနှင့် ဆက်သွယ်ရမည့် တာဝန်ရှိသူ (၂)ဦး၏ အမည်/ဖုန်း/Email
၅။      လျှောက်ထားသည့် ကုမ္ပဏီ ပြီးခဲ့သည့်(၃) နှစ်အတွင်း ငှက်ပျောသီးတင်ပို့မှု (ဘဏ္ဍာနှစ် | တရုတ်နိုင်ငံ | အခြားနိုင်ငံ | စုစုပေါင်း)
၆။     ကုမ္ပဏီ၏ စိုက်ခင်းတည်နေရာ၊ စိုက်ခင်းဧရိယာနှင့် Good Agricultural Practices ဆောင်ရွက်ထားရှိမှု
          (က) စိုက်ခင်းတည်နေရာလိပ်စာ
          (ခ) ငှက်ပျောမျိုးကွဲအမည်
          (ဂ)  စိုက်ခင်းဧရိယာစုစုပေါင်းဧက
          (ဃ)  Good Agricultural Practices ဖြင့်ဆောင်ရွက်ထားသည့်စိုက်ဧရိယာဧက
          (c) စိုက်ခင်း တည်နေရာ Google Map၊ North latitude & East Longitude
၇။     ငှက်ပျောသီးများကို သန့်စင်စေရန်၊ အင်းဆက်ဖျက်ပိုးများနှင့် အခြားပစ္စည်းများကို ဖယ်ရှားရန်၊ တရုတ်နိုင်ငံမှ သတ်မှတ်ထားသော ထိန်းချုပ်ဖျက်ပိုးများ ကင်းရှင်းစေရန်                 ငှက်ပျောသီးများကို   ရေတွင် နှစ်မြှုပ်ခြင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် အချက် အလက် များ
၈။     သန့်စင်ပြီး ငှက်ပျောသီးများအတွက် ထုပ်ပိုးရုံများနှင့် ပတ်သက်သည့် အချက်အလက်များ
         (ကိုယ်ပိုင်မဟုတ်ပါက ပူးပေါင်းဆောင်ရွက်သည့် သဘောတူညီချက် ပူးတွဲရန်)